ဦးပေါ်ဦး ပြောတဲ့ သံဆင်းထုတော် ပြုလုပ်ကောင်းကြောင်း
မဟာဇေယျ သူရသင်္ခယာဘွဲ့ခံ နာခံတော် ဦးပေါ်ဦး နဲ့ ပတ်သတ်ရင်
ရယ်စရာလျှောက်ထုံးတွေကိုပဲ အမြဲကြားရ ဖတ်ရလ့ရှိပါတယ်။ တကယ်တော့ ဦးပေါ်ဦးဟာ
ညီလာခံမှာ များသောအားဖြင့် အတည်အခန့်စကားတွေကိုသာပြောတတ်ပြီး မင်း ၊
မိဖုရား အနည်းငယ်ရှိတဲ့ အတွင်းတော်မှာပဲ ရယ်စရာတွေကို ပြောတတ်လေ့ ရှိပါတယ်။
အခုတစ်ခါပြောတာလည်း အတွင်းတော်မှာပဲ ဖြစ်ပါတယ်။
တစ်ခါကလည်း ဘိုးတော်ဘုရားဟာ မေးတိုင်းဖြေနိုင်နေတဲ့အတွက် မဖြေနိုင်တဲ့ ကပ်သီးကပ်ဖဲ့မေးခွန်းတစ်ခုတော့ မေးဦးမှ ဆိုတာ အနားမှာရှိနေတဲ့ မဟာဒါန်ဝန်ကို ငဲ့ကြည့်ပြီး ဦးပေါ်ဦးကို မေးတော်မူပါတယ်။
“ဟဲ့ ပေါ်ဦး ၊ ဟိုးရှေးရှေးက ဘုရင်မင်းမြတ်များဟာ မြတ်စွာဘုရား ဆင်းတုတော်များထုလုပ်ကိုး ကွယ်တဲ့အခါမှာ ငါတွေ့ဖူးသလောက်တော့ ရွှေ၊ ငွေ ၊ ကြေးဝါ ၊ သစ်သား ၊ အင်္ဂတေပဲ ဟဲ့။ သံနဲ့ သွန်းလုပ်ကိုးကွယ်တဲ့ စေတီရုပ်ပွားတော်ရယ်လို့ ကိုယ်တော်တော့ မကြားဖူးဘူး ၊ မောင်မင်းရော ကြားဖူးသလားဟဲ့”
“ဘယ်စာပေ ၊ ဘယ်ပုရပိုက် မှာမှ မတွေ့ဖူး မကြားဖူးပါ ဘုရား”
ဘိုးတော်ဘုရားက ထပ်မိန့်တယ်။
“သို့ပါလျက် ကိုယ်တော်မြတ် နန်းတော်ရာကျွန်းအရပ်မှာ တည်ထားတဲ့ ကောင်းမှုတွေထဲမှာ သံနဲ့ သွန်းလုပ်တဲ့ ရုပ်ပွားတော် ပါနေတယ်ဟဲ့”
“ကျွန်တော်မျိုး အသိဖြစ်ကြောင်းပါ ဘုရား”
” ဒါ လုပ်ကောင်းရဲ့လားဟဲ့”
“လျှော်ကန်သင့်မြတ်ကြောင်းပါ ဘုရား” ၊ ဘုရင်က စိတ်ပျက်ဟန်ဖြင့် ခေါင်းခါပါတယ်။
“မောင်မင်းကို ကြည့်ရတာ မင်းကြိုက်ဆောင်တဲ့ ကပ်ပါး အမတ်နဲ့ တူပါတယ်။ ပညာရှိ အမတ်နဲ့ မတူဘူး ”
“မှန်လှပါ … သံဖြင့် သွန်းလုပ်ခြင်းဟာ သီဟိုရ်နမက္ကာရကြီးဘုရား ရှိခိုး နှင့် ကိုက်ညီတဲ့အတွက် လျှော်ကန်သင့်မြတ်တယ်လို့ လျှောက်တင်ရခြင်းပါ ”
“တင်စမ်းဟဲ့ ၊ နင့်သီဟိုင်္ရနမက္ကာကြီးကို”
” မှန်လှပါ ၊ ဘုရားရှိခိုးထဲမှာ သံဗုဒ္ဓေ အဌဝီသဉ္စ လို့ပဲ ပါပါတယ်ဘုရား ၊ ကြေးဗုဒ္ဓအဌဝီသဉ္စ လို့ မပါကြောင်းပါဘုရား”
ဒီအခါမှာ ဘုရင် က သဘောကျပြီး ကြံကြံဖန်ဖန်လျှောက်တန်ပါပေတယ် ဆိုတဲ့သဘောနဲ့ ပြုံးတော်မူပါတယ်။ ဘုရင်ပြုံးတဲ့အခါ မှ မဟာဒါန်ဝန် အပါအဝင်ကျန် ပုဂ္ဂိုလ်တွေက ‘ဟုတ်ပေတယ်’ လို့ ရယ်သံစွက်ပြီး ထောက်ခံကြပါတော့တယ်။
ကိုးကား :
ဦးပေါ်ဦးရဲ့ စကားအလင်္ကာ

No comments: