အဲမွန်ဒယာ
လဂွန်းအိန် ကျဆုံးကာ သမိန်ဗရမ်းလည်း အဖမ်းခံရပြီးနောက် ရာဇာဓိရာဇ်သည်
တပ်များကိုပြန်နှုတ်၍ ဟံသာဝတီသို့ ပြန်လေသည်။ ထို့နောက် ဇာတာမသန့်ဟု ဆိုကာ
နန်းစည်းစိမ်ကို သားတော်ဗညားကျန်း အား နှင်းအပ်ပြီး ကိုယ်တော်ကား
မုတ္တမသို့ ပြောင်းရွှေ့စံတော်မူသည်။ တစ်နှစ်စာ ရိက္ခာများကို
ကူညီရိုင်းပင်း ထောက်ပံ့ရန် သားတော်အငယ် ရာဇာမနုအား တာဝန်ပေးတော်မူ၏ ။
မင်းရဲကျော်စွာ၏ အင်းဝတပ်ကြီးသည် မွန်မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီး ဟံသာဝတီ(ပဲခူး) သို့ ချီတက်တိုက်ခိုက်သည်။ ဗညားကျန်း နှင့် ရာဇမနု တို့က မြို့တွင်းမှ ကြံ့ကြံ့ခိုင်ခိုင် ခုခံသောကြောင့် မင်းရဲကျော်စွာသည် ပဲခူးမြို့ကို မသိမ်းနိုင်ပဲ မြို့ကိုသာ ဝန်းရံနေလေသည်။ ရာဇာဓိရာဇ် မုတ္တမတွင် သုံးလတိတိနေတော်မူပြီး ဇာတာတော်သန့်၍ အန္တရာယ်ကင်းပြီ ဟု ပရောဟိတ်တို့က လျှောက်တင်သောအခါ သိဒ္ဓိသောမမင်း ဘွဲ့ခံယူပြီး သန်လျှင်သို့ ကူးတော်မူ၏။ သန်လျှင်ရောက်သော် ပဲခူးမြို့အတွက် မှူးမတ်များနှင့် ဆွေးနွေးတိုင်ပင်သည်။
“ဟံသာဝတီကို မင်းရဲကျော်စွာတို့ ဝိုင်းရံထားသည်။ ယခုငါတို့စစ်ချီလာသည်ကိုလည်ကောင်း ၊ မင်းရဲကျော်စွာတပ်များကို ငါတို့ တိုက်ခိုက်မည့်အချိန်ကိုလည်ကောင်း ပဲခူးမြို့တွင်းမှ ငါ့သားတော်များကို ပသို့ သိစေအံသနည်း” ဟု မေး၏။ မှူးမတ်များစွာရှိသော်လည်း အသံတစ်သံမှ ထွက်မလာသဖြင့် ရာဇာဓိရာဇ်က စိုးရိမ်စွာဖြင့်-
“သမိန်ဗြာဇ္ဇ နှင့် လဂွန်းအိန်တို့သာ ရှိနေခဲ့လျှင် သည်လောက်သော ကိစ္စကို ငါပူပင်ရန်မလို။ ယခုငါ့လက်နှစ်ဖက်လုံး ပြတ်သွားသည်နှင့် တူသဖြင့် အကြံအစည် တစ်ခုခုကို ငါကြံ၍ မပြည့်စုံနိုင်တော့ပြီ” ဟု မိန့်တော်မူသည်။
ထိုအခါ နောက်ဆုံးနားမှ ခစားနေသော အမတ်သူရဲကောင်း အဲမွန်ဒယာထံက “ သမိန်ဗြာဇ္ဇ နှင့်လဂွန်းအိန်တို့မရှိသော်လည်း ကျွန်ုပ်ရှိပါသေးသည် ။ ရွှေဖဝါး တော်အောက်တွင် ကျွန်ုပ်ခစားလျက် အရှင် ၏ အမိန့် ကို နာခံပါမည် ။ တာဝန်ယူပါမည် ။ ဥပါယ်ပြု၍ ဟံသာဝတီမြို့ သို့အရောက်သွား ပါမည် ။ အရှင်၏ အမိန့် ကို သားတော်ထံ အရောက် ကျွန်ုပ်ပို့ဆက်ပါမည်” ဟုလျှောက်လေရာ ရာဇာဓိရာဇ်သည် လွန်စွာဝမ်းသာသွားပြီး
“ပဲခူးမြို့ပတ်လည်မှာ သူတို့ခိုင်ခံစွာ ဝန်းရံထားသည်ကို ပသို့ မင်းဝင်မည်နည်း” ဟု ဆိုသော် အဲမွန်ဒယာက
“သာမန်အားဖြင့် သွား၍ မရပါ။ မိမိကျောကို ကွဲအောင် ကြိမ်လုံးဖြင့် ရိုက်စေပြီးမှ သွားလျှင် ဖြစ်နိုင်ပါသည်” ဟု လျှောက်၏။
ကြိမ်ဖြင့်ရိုက်ပြီးနောက် အဲမွန်ဒယာ နှင့် သူ့ရဲဘော် ရှစ်ယောက်သို့သည် ဟံသာဝတီသို့ သွား၏။ အင်းဝကင်းတပ်များ မြင်တွေ့သွားရာမှ မင်းရဲကျော်စွာဆီ ပို့ဆောင်စေရာ အဲမွန်ဒယာက “ရာဇာဓိရာဇ်သည် အရှင်ကဲ့သို့ သူရဲကောင်းများကို မမြှောက်စားပါ။ ကျွန်ုပ်သက်စွန့်ကြိုးပမ်း အမှုထမ်းခဲ့သော်လည်း တစ်ကြိမ်မှ ပေးတော်မမူပါ။ ထို့ကြောင့် အရှင့်သား၏ လက်အောက်တွင် တာဝန်ထမ်းဆောင်လို၍ ရောက်ရှိလာပါသည်” ဟု လျှောက်တင်သော်လည်း မင်းရဲကျော်စွာက ယုံကြည်တော်မမူပဲ အားလုံးကို အချုပ်ချထားလိုက်သည်။
“အဲမွန်ဒယာက မိမိတို့ကို မယုံကြည်လျှင် ယခုတိုက်ခိုက်နေသော
တိုက်ပွဲအတွင်းသို့ လွှတ်ပါ၊ မွန်များကို တိုက်ခိုက်ပါမည်” ဟု ဆိုသဖြင့်
တိုက်ပွဲအတွင်းသို့လွှတ်ရာ မွန်စစ်သားများကို တိုက်ခိုက်သတ်ဖြတ်သဖြင့်
မင်းရဲကျော်စွာ ယုံကြည်တော်မူသွားကာ အချုပ်မှ လွှတ်စေသည်။ (တကယ်တော့
အဲမွန်ဒယာက သေခါနီးမွန်စစ်သားများကိုသာ တိုက်ခိုက်ဖို့ သူ့ရဲဘော်များအား
မှာခဲ့ပြီး ဖြစ်သည်)
နောက်တစ်ကြိမ်ထပ်မံတိုက်ခိုက်စေရာ အဲမွန်ဒရာနှင့် သူ့ရဲဘော်များသည် မွန်များကို တိုက်ခိုက်တော့မယောင်ပြုကာ သူတို့မှန်းသိစေရန် အော်ဟစ်ကာ ပဲခူးမြို့အတွင်းသို့ပြေးဝင်သွားကြ၏။ ဒီတော့မှ မင်းရဲကျော်စွာသည် အဲမွန်ဒယာရဲ့ လှည့်ဖြားမှုကိုခံရကြောင်း သိကာ အမျက်ထွက်တော်မူသည်။ ပဲခူးရှိ ဗညားကျန်း သည် အဲမွန်ဒယာ ရောက်လာသဖြင့် လွန်စွာ ဝမ်းသာအားရ တော်မူသည် ။ “ မင်းဘယ်ကဲ့သို့ ငါ့ထံ ဝင်နိုင်သနည်း “ ဟု ဗညားကျန်း မေးသော် အဲမွန်ဒယာသည် မည်ကဲ့သို ပရိယာယ် ပြု၍ လာရပုံ အကြောင်းကို အသေးစိတ် လျှောက်ကြား၏ ။
ထိုနောက် – “ ယခု ခမည်းတော် ရာဇာဓိရာဇ် သည် ဇာတာတော်သန့် ၍ ဘေးအန္ထရာယ် ကင်းပြီးဖြစ်သဖြင့် မုတ္တမမှခွာခဲ့ပြီ ။ သန်လျင်တွင် စခန်းချ နေပါသည် ။ အပြင်ကနေပြီး မင်းရဲကျော်စွာတို ့ကို တိုက်ခိုက်မည့်အကြောင်းကို အရှင့်သားတော် မသိမည်စိုး၍ ကျွန်ုပ်အားစေလွှတ်တော်မူသည် ။ လဆန်းသုံးရက် ၊ သောကြာနေ ့တွင် စစ်မကြီးချီ၍ မင်းရဲကျော်စွာ တို့ကို တိုက်ခိုက်မည် ။ အနောက်ဘက်ကစတိုက်မည် ။ အရှင့်သားတော်လည်းအဆင်သင့်စီမံ၍ ညီညွတ်စွာ တိုက်ခိုက်ကြမည်” ဟု လျှောက်တင်၏။
ဒေါသထွက်နေသော အင်းဝတပ်များက မြို့ရိုးအပြင်ဘက်မှနေ၍ “ ဟယ်- အဲမွန်ဒယာ ၊ လူလိမ် ၊ လူကောက် ၊ လူစဉ်းလဲ ၊ မုသားစကား ၊ ပလီပလာ ပြောပြီး မြို့တွင်းသို့ဝင်ပြေးသည် ။ မင်းကောင်း ကောင်းနေ ၊ မကြာမီ ငါတို့ နှင့်တွေ့ ရဦးမည်” ဟု ကြုံးဝါးသည်ကို အဲမွန်ဒယာကြားသော်
“သည် ပဲခူးမြို့တွင်း ငါဝင်ခဲ့ပြီးသော်လည်း ငါဒီမှာမနေ ၊ မနက်မိုးသောက်လျှင် ငါပြန်ထွက်မည်၊ မင်းတို့မိအောင်ဖမ်းချေ” ဟု ချေပ ပြောဆိုလိုက်၏။
မင်းရဲကျော်စွာ ၏ အင်းဝတပ်များသည် ပိုမိုတင်းကြပ်စွာစောင့်ကြည့်ကြသည်။ မနက်မိုးသောက်သော် အဲမွန်ဒယာသည် လူသေဟန်ဆောင်၍ အဝတ်ဖြူများနှင့်ပတ်ကာ ဖောင်ထက်တွင်နေသည်။ အနီး၌ လင်သေသည်ဟု ငိုယိုနေသော မိန်းမတစ်ယောက်အားထား၍ ဖောင်ကိုမျှောစေသည်။ အင်းဝတပ်များက ဖောင်ကိုတွေ့သော်လည်း အလောင်းဖောင်ဟု သာထင်မှတ်ကြပြီး ဖောင်ကိုပင် မြစ်တွင်းသို့ တွန်းပို့ကြပါတယ်။ အင်းဝတပ်များကို ကျော်လွန်သည့်နေရာသို့ရောက်သော် အဲမွန်ဒယာသည် ဝါးကပ်ကိုခွဲ၍ ကုန်းထက်သို့တက်ကာ သန်လျှင်သို့သွားလေ၏။ ရာဇာဓိရာဇ်ထံသို့ ရောက်သော် “အဲမွန်ဒယာသည် ပညာရှိ၍ ထက်မြက်လှသည်” ဟု ချီးမွမ်းကာ ဆုတော်လာဘ်တော်များ ချီးမြှင့်သည်။
နောက်တစ်ရက်ရောက်သော် အင်းဝတပ်များသည် ပဲခူးမြို့တံခါးအနီးသို့သွားကာ “ဟယ် အဲမွန်ဒယာ၊ မင်းမုသားစကားပြောသည်။ ထွက်မည်ဆိုပြီး ဘာကြောင့်မထွက်သေးသနည်း ၊ ခေါင်းပြတ်မည်စိုး၍ မထွက်ဝံ့သလော” ဟု အော်ဟစ်ကြသော် မွန်စစ်သားများက
“ဟယ် ငမိုက်သားများ မင်းတို့ကန်းနေကြသလော၊ အဲမွန်ဒယာသည် မင်းတို့ရှေ့မှာပင်ထွက်သွားပြီ” ဟု ရယ်မောကာ ပြန်လည်အော်ဟစ်ကြသည်။
ထိုအကြောင်းကို မင်းရဲကျော်စွာကြားသော် မယုံ။ ဟုတ်မဟုတ်အကြောင်းကို သိလို၍ အမတ်တစ်ယောက်ကို လွှတ်ကာ သန်လျှင်သို့သွားရောက်ကြည့်စေရာ အမှန်တကယ်ပင် အဲမွန်ဒယာသည် သန်လျှင်သို့ရောက်နေကြောင်း သိသွားသော အခါ “အဲမွန်ဒယာသည် အစွမ်းသတ္တိနှင့် ဉာဏ် ပညာကြီးလှပေသည်” ဟု ချီးမွမ်းတော်မူလေသည်။
Ref:
ရာဇာဓိရာဇ်အရေးတော်ပုံကျမ်း – ဒေါက်တာနိုင်ပန်းလှ
မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ – ဦးဖိုးကျား